သတင်းများ

နတ်မောက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေး ကျင်းပ
Aug 21,2025
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးတွင် ကျင်းပခဲ့သည်။
ရပ်စောက်၌  စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆောင်ရွက်
Aug 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအသင်း (book Club) အဖွဲ့ဝင်များ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုရုံး Community Centre ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လဲချားမြို့၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားအငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်
Aug 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်ရှိ ပင်စင်စားနိုင်ငံ့ဝန်ထမ်း အငြိမ်းစား မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယနေ့နံနက်(၈)နာရီမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိသည်။
သရက်မြို့၌ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ (၂၀၂၅ ခုနှစ်၊ ဩဂုတ်လ) လှုပ်ရှားမှုအခမ်းအနား ကျင်းပ
Aug 21,2025
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သရက်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များ(၂၀၂၅ ခုနှစ်၊ ဩဂုတ်လ)လှုပ်ရှားမှုအခမ်းအနားကျင်းပခြင်းကို ယနေ့နံနက် ၁၀ နာရီက ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပုလောမြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UID နံပါတ်များ ဆက်လက်ထုတ်ပေး
Aug 21,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်သူလူထုများ၏ ကိုယ်ရေးအချက် အလက်မှတ်တမ်းများကို e-ID စနစ်ဖြင့် လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ပုလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ဇီဝဆိုင်ရာ အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၇ နာရီက ပုလောမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရဖြင့် မိသားစုများ အဆင်ပြေ
Aug 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်၊ စပါးအပြင် နေ့စဉ်ဝင်ငွေရရှိသည့် သီးပင်စားပင်များ စိုက်ပျိုးလျက်ရှိရာ ထားဝယ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသော ရုံးပတီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး နေ့စဉ်ခူးဆွတ်ရောင်းချရသဖြင့် မိသားစုများ အဆင်လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး
Aug 21,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ ပူးပေါင်း၍ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီခွဲက စဉ့်ကိုင်မြို့နယ်၊ သင်္ဂတုံကျေးရွာ ဓမ္မာရုံ၌ ပြုလုပ်သည်။
ခမောက်ကြီးမြို့နယ် အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Aug 21,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်းနှင့် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်ငှားရမ်းခြင်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ ၁ နာရီက ဆောင်ရွက်ခဲ့သည်။