သတင်းများ

စေတုတ္တရာမြို့နယ်၌ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာရေးစစ်ဆေး
Aug 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်း ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့သည်။
မူဆယ်မြို့တွင် မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း ရှင်းလင်းဆွေးနွေး
Aug 21,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တပ်ဆင်အသုံးပြုမည့် မြန်မာ့အီလက်ထ‌ရောနစ်မဲပေးစက်(MEVM)အကြောင်း ရှင်းလင်းပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းခြင်း အခမ်းအနားကျင်းပ
Aug 21,2025
စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်ကျောင်းများအား ထောက်ပံ့ငွေလှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လေးကျွန်းမြေအုဌ်ကျောင်း၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင် မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းအား ကြည့်ရှုအားပေး
Aug 21,2025
မကွေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် စိုက်ထုတ်ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် အခမဲ့ဆေးကုသပေးခြင်းကို ဖွင့်လှစ်ဆောင်ရွက်ထားရှိရာ ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါကာ နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များအား အခမဲ့ဆေးကုသပေးခြင်းနှင့် တစ်ဦးလျှင် ဆန်(၃)ပြီ၊ ဆီ(၁)ပိဿာတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား သွားရောက်၍ ကြည့်ရှုအားပေးသည်။
ငဖဲမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆောင်ရွက်
Aug 21,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် စာအုပ်စာပေချစ်မြတ်နိုးသူများ ပူးပေါင်းပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်၍  ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၄ ခုနှစ် စက်တင်ဘာလထုတ် သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်ကို စာဖတ်ဝိုင်းကျင်းပဆောင်ရွက်ခဲ့သည်။
ချမ်းမြသာစည်မြို့နယ် အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Aug 21,2025
လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်၍ ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ အသိပညာဗဟုသုတရရှိပြီး နိုင်ငံတော်အတွက် အကျိုးပြု‌နိုင်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း‌ဆောင်ရွက်သော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၃၄) အခြေခံပညာအထက်တန်းကျောင်းရှိ နန်းကေသီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား (UID) Unique Identity ကတ် ဆက်လက်ဆောင်ရွက်ပေး
Aug 21,2025
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ (UID)Unique Identity ဖြင့်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ပြုလုပ်ပေးလျက်ရှိသည်။
မိုင်းနောင်မြို့ရှိ မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် (UID)နံပါတ်စာရင်း ကောက်ယူခြင်းများ ဆောင်ရွက်
Aug 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိဘပင်စင်စားများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် (UID)နံပါတ်စာရင်းကောက်ယူခြင်းများကို ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ပေးကြောင်း သိရှိရသည်။