မိုးညို မေ ၁၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ Wilmar Myanmar ကုမ္ပဏီ၏ဖြန့်ဝေမှုဖြင့် ရောင်းချလျက်ရှိသော စားအုံးဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အရောင်းဆိုင်များကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖုန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စားအုံးဆီဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ စားအုန်းဆီဖြန့်ဖြူးရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ဗီနိုင်းများချိတ်ဆွဲ ဖြန့်ဖြူးရောင်းချမှု ရှိ/မရှိ၊ အလေးချိန်မှန်ကန်မှု ရှိ/မရှိ၊ ဆီစာအုပ်များဖြင့် စနစ်တကျ ရောင်းချပေးရေးနှင့် ရရှိသောဆီပိဿာချိန်ခွဲတမ်းများကို ပြည်သူများထံ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ ကိုစစ်ဆေးပြီး လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)