သတင်းများ

မြောက်ဥက္ကလာပမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရာသို့ သာသနာရေးဝန်ကြီး လာရောက်ကြည့်ရှု
Apr 01,2024
ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း၊ (၂) ရပ်ကွက် ဆုတောင်းပြည့် မယ်လမုစေတီတော် သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်တွင် ကျင်းပလျှက်ရှိသည့် အစိုးရဓမ္မာစရိယစာ​မေးပွဲ ဖြေဆိုရာသို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သည့်အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံအင်္ဂလိပ်စာရေးသားနည်းသင်တန်းဖွင့်လှစ်
Apr 01,2024
နွေရာသီကျောင်းပိတ်ရက်ကာလတွင် ကျောင်းသား/ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် ဗဟုသုတ အသိပညာများ ရရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ အခြေခံအင်္ဂလိပ်စာရေးသားနည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
ကျိုက်မရောမြို့နယ်၌ ဒေသခံပြည်သူများအတွက် သောက်သုံးရေများလှူဒါန်းပေး
Apr 01,2024
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ နွေရာသီသောက်သုံးရေများ စတင်ရှားပါးလာပြီဖြစ်၍ ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးဌာနမှ   IS-8130 မီးသတ်ရေသယ်ယာဥ်ဖြင့် ရေရှားပါးသော ရပ်ကွက်များဖြစ်သည့် အထရံရပ်ကွက်ရှိ ရေလှောင်ကန်နှင့် နေအိမ်များသို့ သောက်ရေဂါလံ(၁၆၀၀)အား ယနေ့နံနက်ပိုင်းက အခမဲ့သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အခြေခံအေရိုးဗစ်သင်တန်းဖွင့်လှစ်နေမှုအား ခရိုင်မှတာဝန်ရှိသူများ ကြည့်ရှုအားပေး
Apr 01,2024
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ​ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာ​စေရန်၊ အားကစားကိုချစ်​​မြတ်နိုးတက်​စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားခန်းမ၌ အခြေခံအေရိုးဗစ်နှင့် မြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ်ခဲ့သင်ကြားပေးလျက်ရှိရာ ဧပြီလ ၁ ရက်နေ့က နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့သည်။
လယ်ဝေးမြို့နယ် မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်အသစ်တင်အခမ်းအနားကျင်းပ
Apr 01,2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လယ်ဝေးမြို့နယ်​ မြေစာရင်းဦးစီးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆိုင်းဘုတ်အသစ်တင် အခမ်းအနား ကျင်းပခဲ့သည်။  
ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက လူငယ်ရေးရာအသိပညာပေးနှင့် မူးယစ်‌ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ နံရံကပ်စာ‌စောင်နှင့်စာအုပ်ပြပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံပန်းချီသင်တန်း အခမဲ့ဖွင့်လှစ်
Apr 01,2024
နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ်စေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ အခြေခံပန်းချီ အခမဲ့သင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပသည်။
ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူ ၆၄၉၁၀ ဦးကို ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်းနှင့် Unique ID များ ထုတ်ပေးပြီးစီး
Apr 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူစိစစ်ခြင်းနှင့် Unique ID ထုတ်ပေးခြင်းလုပ်ငန်းများနေ့စဉ် ဆောင်ရွက်လုပ်ကိုင်ပေးလျက်ရှိရာ ယနေ့အထိ ပြည်သူ ၆၄၉၁၀ ဦး၏ ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူစိစစ်ပြီးပြီဖြစ်ကြောင်း သိရသည်။