သတင်းများ

အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်း၊ Unique ID ထုတ်ပေးခြင်းလုပ်ငန်းနှင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အဦမှတ်တမ်းတင်ခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ အဖွဲ့များခွဲ၍ နေ့စဉ်ဆောင်ရွက်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီး (U-25) အမျိုးသားဘောလုံးအသင်းအား ကြိုဆို
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး၊ (U-25) ဘောလုံးအမျိုးသားပြိုင်ပွဲတွင် တံခွန်စိုက်ဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဘောလုံးအသင်းကို ယနေ့ နံနက်(၈)နာရီ မိနစ်(၃၀)က အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ အ.ထ.က (၈) ကျောင်းရှေ့မှစ၍ လေဆိပ်လမ်းဆုံအထိ ကြိုဆိုကြသည်။
ကျောက်ဆည်မြို့နယ်တွင် နွေသီးနှံမျိုးစုံ (၄၂၁၆၈၇) ဧက လျာထားပြီး သင်းတွဲစိုက်ပျိုးရေး ရှေ့တန်းစခန်းတွင် (၉၁၇၉)ဧက လျာထားစိုက်ပျိုး
Apr 01,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၃-၂၀၂၄ခုနှစ် နွေသီးနှံမျိုးစုံ(၄၂၁၆၈၇)ဧက လျာထားပြီး သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် (၉၁၇၉)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပဲခူးမြို့၌ ၂၀၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Apr 01,2024
၂၀၂၄ ခုနှစ်၊ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများစာတတ်မြောက်ရေးအတွက် အခြေခံစာတက်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့်နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ကျင်းပခဲ့သည်။
ပလင်းကမ်းသာယာဆင်စခန်းသို့ လာရောက်လည်ပတ်အပန်းဖြေသည့် ခရီးသွားပြည်သူများပြား
Apr 01,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အနောက်ပုလင်းကျေးရွာအနီး ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းသို့ အပန်းဖြေသူများနှင့်ဆင်များကို လေ့လာလိုသူခရီးသွား ပြည်သူများ လာရောက်လည်ပတ်မှု များပြားလာကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ရှိသူများထံက သိရသည်။
အုတ်တွင်းမြို့နယ် မြေစာရင်းဦးစီးဌာန၏ ဌာနအမည်ပြောင်းလဲခြင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြေစာရင်းဦးစီးဌာန၏ ဌာနအမည် ပြောင်းလဲခြင်း ဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါရုံး၌ကျင်းပသည်။
ပန်းတောင်းမြို့နယ်တွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြင်ဆင်ပြောင်းလဲသည့် အခမ်းအနားကျင်းပ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ယနေ့နံနက် (၆:၃၀) အချိန်က ပန်းတောင်းမြို့၊ မင်းရပ်ရပ်ကွက် စည်ပင်သာယာလမ်းရှိ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံး၌ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ ပြင်ဆင်ပြောင်းလဲသည့် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အုတ်တွင်းမြို့နယ် Community Centre ၌ ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်း၍ (Community Centre)လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက်ပိုင်းက ရှေးဦးသူနာပြုစုနည်းသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။