ဇီးကုန်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာ၊ ကြံ့ခိုင်၊ သန်စွမ်းသော လူငယ်များ ပေါ်ထွန်းလာစေရန်၊ အားကစားကိုချစ်မြတ်နိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ်ရက်၌ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မြို့နယ်အားကစားခန်းမ၌ အခြေခံအေရိုးဗစ်နှင့် မြန်မာ့သိုင်းသင်တန်းကို ဖွင့်လှစ်ခဲ့သင်ကြားပေးလျက်ရှိရာ ဧပြီလ ၁ ရက်နေ့က နတ်တလင်းခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့သည်။
ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းစိုး၊ဇီးကုန်းမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကေခိုင်နှင့် အဖွဲ့ဝင်များသည်သင်တန်းတက်ရောက်နေမှုအား ကြည့်ရှုအားပေး၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီအားလပ်ရက်များတွင် အခြေခံအားကစား သင်တန်းများကို တက်ရောက်ခြင်းဖြင့် အားကစားကိုပိုမိုစိတ်ပါဝင်စားလာပြီး အချိန်ကိုအကျိုးရှိစွာ အသုံးပြုတက်စေရန်၊ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာပါတိုးတက်စေပြီး ဗလငါးတန်ဖွံ့ ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်အကျိုးပြုမည့် သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန်၊ ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ အေရိုးဗစ်သင်တန်း၌ အားကစားနည်းပြ ဒေါ်မာမာစန်းနှင့် ဆရာမနှစ်ဦးက အေရိုးဗစ်ကကွက်များ၊ Myanmar fitness dance များကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသူ (၄၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)