မြောက်ဥက္ကလာပမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရာသို့ သာသနာရေးဝန်ကြီး လာရောက်ကြည့်ရှု

မြောက်ဥက္ကလာပ ဧပြီ ၁

ရန်ကုန်တိုင်း​ဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ သုဓမ္မာလမ်း၊ (၂) ရပ်ကွက် ဆုတောင်းပြည့် မယ်လမုစေတီတော် သာသနာ့ဗိမာန် သုံးထပ်ကျောင်းဆောင်တွင် ကျင်းပလျှက်ရှိသည့် အစိုးရဓမ္မာစရိယစာ​မေးပွဲ ဖြေဆိုရာသို့ ယမန်နေ့ မွန်းလွဲ ၁၂ နာရီက သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သည့်အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထို့နောက် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်သံဃနာယကအကျိုးတော်ဆောင် ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းလှူဒါန်း၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ပြီး စာဖြေသံဃာတော်များအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ စာမေးပွဲများကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အစိုးရဓမ္မာစရိယ စာမေးပွဲကို စုစုပေါင်း (၂၈၈)ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲကိုလည်း ဧပြီလ ၃ ရက်နေ့တွင်စတင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

မြမြဝင်း (ပြန်/ဆက်)