သတင်းများ

မိုင်းယောင်းမြို့နယ်၌ ခရိုင်/မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန အမည်ပြောင်း အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်း
Apr 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်/မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနသို့ အမည်ပြောင်း အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် ပလပ်စတစ်အိတ်သုံးစွဲမှု‌လျှော့ချရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ
Apr 02,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလပ်စတစ်အိတ်လျှော့ချသုံးစွဲစေရန် ရည်ရွယ်၍ ဇေ‌ယျာသီရိဈေးအပြင်ဘက် ဥပုသ်‌‌ဈေးတွင် ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလပ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်အစား၊ ငှက်ပျောဖက်၊ အင်ဖက်၊ စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီက ဆောင်ရွက်ခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Apr 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသစိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဂွမြို့ ကမ်းသာယာရေမျက်တောင်၏တောင်ဘက် မ​ဒေါ့ကျောက်တောင်အနီး ကျောက်ပြင် ပေါ်တွင် ပေ ၅၀ ရှိ ဝေလငါးအသေတစ်ကောင်သောင်တင်
Apr 01,2024
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မတ်လ (၃၀) ရက်နေ့၌ လောင်းကျိုးကျေးရွာ၏ အနောက်မြောက် ဘက် (၁.၅) မိုင်ခန့်အကွာ၊ ကမ်းသာယာရေမျက်တောင်၏တောင်ဘက် (၁) မိုင်ခန့်အကွာ မ​ဒေါ့ကျောက်တောင်အနီး ကျောက်ပြင်ပေါ်တွင် အလျားပေ ၅၀၊ လုံးပတ်ပေ ၃၀ ခန့်ရှိ ဝေလ ငါးသေတစ်ကောင် သောင်တင်လျက်ရှိကြောင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တွေ့ရှိမှုအခြေအနေများအား မှတ်တမ်းတင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က ထပ်မံကွင်းဆင်း၍ ဝေလငါးအသေအား နေရာရွှေ့ခြင်းများမဖြစ်ပေါ်စေရေး လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပြည်ခရိုင်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲကျင်းပ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း (ခရိုင်အဆင့်) နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း သိရီရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်၊ တိုင်းဒေသကြီးရုံးခွဲ (ပြည်) ပညာရေးမှူး ဦးတင်ယု၊ ပညာရေးဒီဂရီကောလိပ် (ပြည်) ကျောင်းအုပ်ကြီးနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား/သင်တန်းသူများစုစုပေါင်း ၁၃၅ဦးတက်ရောက်သည်။
မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်
Apr 01,2024
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများဖြင့် ကုန်းဘောင်ခေတ်နေဝင်ချိန်၌ အင်္ဂလိပ်တို့ကို သူ့ကျွန်မခံစိတ်ဓာတ်ဖြင့် တော်လှန်တိုက်ခိုက် အသက်ပေးခဲ့ကြသည့် မြန်မာ့အာဇာနည် သူရဲကောင်းများအကြောင်းကို နောက်ခံပြု၍ရေးဖွဲ့ထားသော စာရေးဆရာကြီးရန်ကုန်ဘဆွေ၏ သေသော်မှတည့်သြော်ကောင်း၏ စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Apr 01,2024
ပဲခူး​တိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်စာရေးဆရာအသင်း၊ (Book Club) အဖွဲ့ဝင်များ၊ (Women Club) အဖွဲ့ဝင်များ၊ (Youth club) အဖွဲ့ဝင်များ၊ စာ​ပေချစ်မြတ်နိုးသူ ဝါသနာရှင်များနှင့် ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားထားသော "လူငယ်နှင့် အကောင်းဆုံး​သောဘဝကိုတည်ဆောက်ခြင်း " စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပခဲ့သည်။
ပေါင်းတည်မြို့နယ်၌ တောင်သူပညာပေးသင်တန်း ဖွင့်လှစ်ပို့ချ
Apr 01,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီခွဲအချိန်က တောင်သူပညာပေးသင်တန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ပို့ချသည်။