လယ်ဝေးမြို့နယ် မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်အသစ်တင်အခမ်းအနားကျင်းပ

လယ်ဝေး ဧပြီ ၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ လယ်ဝေးမြို့နယ်​ မြေစာရင်းဦးစီးဌာန၌ ယနေ့နံနက် ၈ နာရီခွဲအချိန်က ဆိုင်းဘုတ်အသစ်တင် အခမ်းအနား ကျင်းပခဲ့သည်။  

ရှေးဦးစွာ လယ်ဝေးမြို့နယ်၊ မြေစာရင်းဦးစီးဌာန ဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးတင့်ခိုင်တို့က အမွှေးနံသာရည်ပက်ဖျန်းကာ ဆိုင်းဘုတ်အသစ်တင်အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)