ကွမ်းခြံကုန်း မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ဝက်ကိုက်ကျေးရွာ၌ အမျိုးသမီးများဆိုင်ရာ ကာကွယ်ပေးထားသည့်အခွင့်အရေး၊ ဥပဒေများနှင့် လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိန်းမှုတို့ကို စောင့်ရှောက်နိုင်ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အမျိုးသမီးငယ်များအား လူကုန်ကူးမှုခံရမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့ပြီး လက်ခုပ်ကုန်းနယ်မြေရဲစခန်း၊ ရဲအုပ်နိုင်ဝင်းက လူကုန်ကူးမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးနှင့် မြို့နယ်အမျိုးသမီးရေးရာ ဥက္ကဋ္ဌတို့က ဝက်ကိုက်ကျေးရွာအတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)