စဉ့်ကူးမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၆၀၀၀) ကျော် ထုတ်ချေးမည်
Apr 02,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် စဥ့်ကူးမြို့နယ်ဘဏ်ခွဲမှ ကျေးရွာဘဏ် (၂၀)မှတောင်သူဦးရေ (၈၅၀) ကျော်သို့ ၂၀၂၄-ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းပေါင်း (၆၀၀၀)ကျော်ကို ဧပြီလနှင့် မေလတို့မှစတင်ပြီး ထုတ်ချေးသွားမည်ဖြစ်ပြီး စက်တင်ဘာလကုန်တွင် အပြီးထုတ်ချေးသွားမည် ဖြစ် ကြောင်း သိရသည်။