ဝိုင်းမော် ဧပြီ ၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရုံး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်အား မူလအမည်ဖြစ်သည့် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ပြောင်းလဲ၍ ဆိုင်းဘုတ်တင်ခြင်းကို ၂၀၂၄ ခုနှစ် ၊ ယမန်နေ့ နံနက် ၈ နာရီခွဲ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဝိုင်းမော်မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနက ဝန်ကြီးဌာန ကိုယ်စားပြု၊ ဝိုင်းမော်မြို့နယ်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ပြောင်းလဲအသုံးပြုခြင်း အထိမ်းအမှတ်အနေဖြင့် ဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်များအား အာရုံဆွမ်း ဆက်ကပ်ခြင်း၊ လှူဒါန်းခြင်းနှင့်ပရိတ်တရားတော်နာယူခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ရုံးဆိုင်းဘုတ်ဖွင့်ပွဲကို မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဦးစီးမှူး ဦးသန့်တင်ကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများက ဆိုင်းဘုတ်အား အမွှေးနံသာများ ပက်ဖျန်း၍ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ဖြူစင်