သတင်းများ

၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ရှေးဦးသူနာပြုစုခြင်း အခြေခံသင်တန်း (၂/၂၀၂၄)ဖွင့်လှစ်
Mar 31,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးသူနာပြုစုခြင်း အခြခံသင်တန်း(၂/၂၀၂၄)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်‌နေ့ မွန်းလွဲ ၂ နာရီအချိန်က ၂ဝ၂၄ ခုနှစ်၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး ညှိနှိုင်းအစည်း အဝေး ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပ‌ဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ
Mar 31,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ "သတင်းစကား" လက်ကမ်းစာစောင်များကို ယနေ့ နံနက် ၇ နာရီက မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး၊ စည်ပင်သာယာ‌ဈေးနှင့် ဈေးပတ်လည်ရှိလမ်းဆုံများ၊ ကားဂိတ်ရှိ ခရီးသွားပြည်သူများ၊ ကဖီးဆိုင်များ၌ ဌာနဆိုင်ရာများ စုပေါင်း၍ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်၌ နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Mar 31,2024
မန္တ​လေးခရိုင်၊ မဟာအောင်မြေမြို့နယ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီအခြေခံ အားကစားသင်တန်းများအား မတ်လ(၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ အားကစားနည်း(၈)ဖြင့် သင်ကြားပေးခဲ့ရာ မတ်လ(၃၀)ရက်နေ့ ညနေပိုင်းတွင် မြို့နယ်အားကစားကွင်း၌ ​သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
လဲချားတွင် နွေရာသီအားကစားသင်တန်းဆင်းပွဲကျင်းပ
Mar 31,2024
ရှမ်းပြည်နယ် တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့တွင် နွေရာသီအားကစားသင်တန်းများကို အားကစားနှင့် ကာယပညာဦးစီးဌာနက အချိန်ပိုင်းအလိုက် ဖွင့်လှစ်ပေးခဲ့ရာ ကရာတေး၊ ဘော်လီဘော၊ ခြင်းခတ်၊ စားပွဲတင် တင်းနစ်၊ Fitness dances၊ ဘော်လုံး၊ ကြက်တောင်ရိုက် စသည့်အားကစားနည်းများ၏ သင်တန်းဆင်ပွဲကို ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က သီရိဟံသာခန်းမတွင် ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်
Mar 31,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ၂၉-၃-၂၀၂၄ ရက်နေ့က ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄) ကျင်းပပြုလုပ်သည်။
ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ (Community Centre) ၌ လူငယ်များ အသိအလိမ္မာ၊ ဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Mar 31,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ခရိုင်ပြန်/ဆက်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်သော လူငယ်များ အသိအလိမ္မာ၊ ဉာဏ်ပညာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က အဆိုပါနေရာတွင် ကျင်းပခဲ့သည်။