မအူပင် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မအူပင်မူလတန်းကြိုကျောင်းမှ (၂၀၂၃-၂၀၂၄) ခုနှစ် ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ၏ ကျောင်းဆင်းဂုဏ်ပြု လက်မှတ်ချီး မြှင့်ခြင်းနှင့် ပဒေသာကပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ဝင်းဝင်းအေးမှ အဖွင့်အမှာစကားပြောကြားပြီး တာဝန်ရှိသူများက မအူပင်မူလတန်းကြိုကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၆၀)ဦးအား ကျောင်းဆင်းဂုဏ်ပြုလက်မှတ်များပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ကျောင်းသား/ကျောင်းသူလေးများက အကပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြရာ ကျောင်းသား မိဘများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မအူပင်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မအူပင်မူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာမများ၊ ကျောင်းအကျိုး တော်ဆောင်များနှင့် ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။ မအူပင်မူလတန်းကြိုကျောင်းအား ၂၀၂၃ ခုနှစ်၊ မေလ (၁) ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ မတ်လ (၃၁)ရက်နေ့ ထိဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)