မြန်အောင် ဧပြီ ၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်နှင့် မြန်အောင်မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ် မင်္ဂလာအချိန်၌ အဆိုပါရုံးများရှေ့တွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် မင်္ဂလာအချိန်၌ မြန်အောင်ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ရုံးဆိုင်းဘုတ်အား မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်က စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးအောင်စိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူးနှင့်ခရိုင်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
အလားတူ မင်္ဂလာအချိန်၌ မြန်အောင်မြို့နယ် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန ရုံးဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းထွန်းက ရုံးဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဦးစီးမှူးနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးအမည်အား ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနအမည်သို့ ပြောင်းလဲဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဝင်းဗိုလ်(ပြန်/ဆက်)