မိုးနဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ဒေသဖွံ့ဖြိုးရေး ညှိနှိုင်းဆောင်ရွက်

မိုးနဲ ဧပြီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းများကြိုတင်စီမံဆောင်ရွက်ထားရှိရေး၊ သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်မှုများ စီမံဆောင်ရွက်ထားရှိရေး၊ ရုံး/ဌာန ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ဝန်ထမ်းနှင့် မိသားစုဝင်များ လုံခြုံရေးအသိ/ သတိဖြင့် သွားလာကြရန်၊ အစိုးရပါဠိပထမပြန်စာမေး/စာပြန်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ သင်္ကြန်အကြို ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပနိုင်ရေး၊ မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆင်တောင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘက်စုံပြုပြင်နိုင်ရေး ပူးပေါင်းပါဝင်ကူညီ အားဖြည့်ပေးနိုင်ရေးနှင့် ဌာနများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းများအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရန် လိုအပ်ချက်များအား ဆွေးနွေးပေးကြရန် စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူးသန်းအောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းများအလိုက် ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းလိုအပ်ချက်များကိုတင်ပြခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က လုပ်ငန်းလိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)