ငွေဆောင် မတ်၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်ခရိုင် ၊ ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနမှ မြို့အတွင်းမီးဘေး အန္တရာယ်ကင်းရှင်းစေရေးအတွက် ယနေ့နံနက်ပိုင်းက အမှတ် (၁,၂,၃) မြို့ပေါ်ရပ်ကွက်များ အတွင်း မီးဘေးသတိပေး လိုက်လံဆော်သြခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးသတိပေးဆော်သြခြင်းအား မြို့မီးသတ်ဦးစီးဌာန၊ လက်ထောက်ဦးစီးမှူး ဦးကောင်းပြည့်စုံမှ ဦးဆောင်ကာ မီးသတ်တပ်ဖွဲ့ဝင် (၁) ဦး၊ ရပ် / ကျေးအုပ်ချုပ်ရေး( ၁) ဦး၊ ပြည်သူ့စစ် (၁) ဦး ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁) ဦးတို့မှ ငွေဆောင်မြို့ပေါ် ရပ်ကွက်များဖြစ်သော အမှတ် (၁,၂,၃) ရပ်ကွက်များအတွင်း ရာသီဉတုပူပြင်းလာပြီဖြစ်၍ မီးဂရုတစိုက်သုံးစွဲကြရန်၊ မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ ရေပုံး၊ သဲပုံးများ အသင့်ဆောင်ထားကြရန် ၊ မီးဘေးနှင့်ပက်သက်၍စိုးရိမ်ဖွယ်အနေအထား တွေ့ရှိပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးအကြောင်းကြားရန်နှင့် မပေါ့ဆကြရန်လိုက်လံဆော်သြ ပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့ မီးသတ်ဦးစီးဌာနအနေဖြင့် မြို့အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုမဖြစ်ပွားစေရေးအတွက် နေအိမ်တစ်အိမ်တက်ဆင်း လိုက်လံ စစ်ဆေးခြင်း ၊ ရပ်ကွက် ၊ ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းတို့အား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
R – 014 (ငွေဆောင်)