ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများအားကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

ဟုမ္မလင်း မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို မတ်လ (၂၉) ရက်နေ့ နံနက် (၈) နာရီမှ (၁၂ )နာရီထိ အပတ်စဥ်သောကြာနေ့တိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက် မှုနှင့် ကုသပေးဆောင်ရွက်ခြင်းကို ဟုမ္မလင်းခုတင် (၁၀၀) ဆံ့ပြည်သူ့ဆေးရုံ၊ ဆေးရုံအုပ်ကြီးဒေါက်တာ ရန်နိုင်ဆွေ၊ တာဝန်ကျဆရာဝန်များ၊ ဆရာ /ဆရာမ များက သက်ကြီးရွယ်အိုးများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း၊ မကူးစက်ခင် ရောဂါကြိုတင်ကာကွယ်ရေး၊ နှလုံးရောဂါ၊ သွေးတိုးဆီးချိုး၊ ရောဂါအခံရှိသူသက်ကြီးဘိုးဘွားစုစုပေါင်း (၁၃၅) ဦးအား အခမဲ့စောက်ရှောက်ကုပေးခဲ့ကြောင်း သိရသည်။

ထိုနောက်ဘိုးဘွားများအား အလှူရှင်မိသားစုများမှ အဟာရဒါနအနေဖြစ် ကြာဇံဟင်းခါးတိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)