မြောက်ဥက္ကလာပ မတ် ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲကို (၂)ရပ်ကွက်၊ သမိုင်းဝင်ဆုတောင်းပြည့်မယ်လမုစေတီတော်ရှိ သုံးထပ်သာသနာ့ဗိမ္မာန်တော်ကြီး၌ ယမန်နေ့ နေ့လယ် ၁၂ နာရီမှ ညနေ ၄ နာရီထိ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲများကို မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ရာ အစိုးရဓမ္မာစရိယစာမေးပွဲကို စုစုပေါင်း(၂၈၈)ပါး ဝင်ရောက်ဖြေဆိုပြီး ပါဠိပထမပြန်စာမေးပွဲကိုလည်း ဧပြီလ ၃ ရက်နေ့တွင်စတင် ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုရာသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့များမှရောက်ရှိ၍ ၂ဝ၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာစစ်ဌာန ဩဝါဒစရိယဆရာတော်ကြီးများထံအား စာမေးပွဲကြီးကြပ်ဆရာတော်များအတွက် တစ်ပါးလျှင် ၃ဝဝဝဝိ/ကျပ်နှုန်းဖြင့် (၃၆)ပါးအတွက် ၁ဝ၈ဝဝဝဝိ/ကျပ်၊ စာဖြေသံဃာ၊ သီလရှင်များသို့ တစ်ပါးလျှင် ၅ဝဝဝိ/ကျပ်နှုန်းဖြင့် (၅ဝ၆)ပါးအတွက် ၂၅၃ဝဝဝဝိ/ကျပ်၊ စုစုပေါင်း ၃၆၁ဝဝဝဝိ/ ကျပ်ဖြင့် ဝတ္ထုငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး စာမေးပွဲဖြေဆိုရာနေရာများသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့မှ လှည့်လည်ကြည့်ရှုခဲ့သည်။
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် ဖြေဆိုသံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဩဝါဒဆရာတော်များ၊ စာဖြေဌာန ကြီးကြပ်ရေးဆရာတော်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများကလိုအပ်သည်များကို ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြမြဝင်း(ပြန်/ဆက်)