နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် စာဖြေ ဆရာတော်များအား ကြည်ညိုခြင်းနှင့် ဩဝါဒါစရိယဆရာတော်ကြီးများအား ဆွမ်းစရိတ်ဆက်ကပ်လှူဒါန်း

တပ်ကုန်း မတ် ၃၀

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရ ခရိုင်၊ တပ်ကုန်းမြို့နယ်တွင်  ၂၀၂၄ ခုနှစ်၊ သာသနာရေးဦးစီးဌာနမှ အစိုးရဓမ္မာစရိယစာမေးပွဲ ဦးဆောင်ကျင်းပလျက်ရှိသည့် အစိုးရဓမ္မာစရိယစာမေးပွဲကို မတ် ၂၉ ရက်၊ နေ့လယ် ၁၂ နာရီက  အောင်ဆန်းခန်းမ စာစစ်ဌာနတွင် ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာကျမ်း(ဒုတိယနေ့)ဖြေဆိုတော် မူလျက်ရှိသည့် စာဖြေဆရာတော်များအား ကြည်ညိုခဲ့ပြီး၊ ဩဝါဒါစရိယဆရာတော်ကြီးများအား ဆွမ်းစရိတ် ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် တပ်ကုန်းမြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌  ဒေသအတွင်းသီးနှံစိုက်ပျိုးမှု ပိုမိုဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးလုပ်ငန်းများ ပိုမို ဆောင်ရွက်နိုင်ရေး၊ တိရစ္ဆာန်များ နှစ်အလိုက်တိုးတက်မွေးမြူနိုင်မှုအခြေအနေများ၊ ဒေသခံ ပြည်သူများ စားရေရိက္ခာဖူလုံစေရေး၊ စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ အခြေခံ ကုန်ပစ္စည်းများ ထုတ်လုပ်တိုးချဲ့နိုင်ရေး၊ MSME ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ပြီး၊ ပြည်တွင်း သာမက ပြည်ပသို့ တင်ပို့နိုင်ရေး၊ နှစ်အလိုက်သီးနှံများစိုက်ပျိုးမှုအခြေအနေများ၊ စပါးအပါအဝင် ဆီထွက်သီးနှံများနှင့်အခြားသီးနှံများ လျာထားချက်ပြည့်မီ ကျော်လွန်ပြီး ပန်းတိုင်အထွက်နှုန်း ပြည့်ဝစွာရရှိရေးနှင့် မြို့သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရမည့်ကိစ္စရပ်များအား  ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေး မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကျားသေအိုင်ကျေးရွာ၊ကွင်းအမှတ် ၁၄၀၈ ကွင်း၊ ပန်းမုန်လာစိမ်း သီးနှံခင်းနှင့်အခြား သီးနှံစိုက်ပျိုး၊ရိတ်သိမ်းနေမှုများ၊ ဆိုလာစနစ်ဖြင့် မြေအောက်ရေ ထုတ်ယူနိုင်မည့် ဆက်စပ်ပစ္စည်းများ နှင့်လယ်ယာမြေများကို ထွန်ယက်နိုင်မည့် လယ်ယာသုံးဆက်စပ် ပစ္စည်းမျိုးစုံပြသရောင်းချပေးနိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်ပေး မည့်နေရာ ပြင်ဆင်ထားရှိမှုအခြေအနေတို့အား ကြည့်ရှုပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်