ဟုမ္မလင်း မတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် သင်ကြားဖွင့်လှစ်သည့် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့်အင်္ဂလိပ်စာ အခြေခံ( Grammar)သင်တန်းတက်ရောက်သင်ကြားနေသူများအား ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုအားပေးခဲ့ပြီးသင်ထောက်ကူပစ္စည်းများ အသုံးပြုနိုင်ရန် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် အင်္ဂလိပ်စာအခြေခံ (Grammar) သင်တန်းတက်ရောက်သင်ကြားနေသည့် ကျောင်းသား/သူများအတွက် ထောက်ပံ့ငွေ ကျပ် (၇) သိန်း အား ထောက်ပံ့ပေးအပ်ခဲ့ရာ ဟုမ္မလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဧဆက်က လက်ခံခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် တက်ရောက်သည့် သင်တန်းသား/သူ များကို တိုင်းရင်းသားရေးရာဝန်ကြီးက ကြည့်ရှုအားပေးပြီး၊ ပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားရှိမှုနှင့် ပြတိုက်ငယ် (Museum) တွင် ခင်းကျင်းပြသထားသော ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့အသုံးအဆောင်များကိုကြည့်ရှုခဲ့ပြီးဟုမ္မလင်းမြို့ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)