ပြည်ကြီးတံခွန်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းများ ဆောင်ရွက်

ပြည်ကြီးတံခွန် မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၂၈ လမ်း၊ ၆၂×၆၃ လမ်းကြားရှိ မြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးအတွင်း နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ ၄၅ မိနစ်အချိန်က ဆောင်ရွက်သည်။

အဆိုပါ ထုတ်ပေးခြင်းဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ် လ.ဝ.ကဦးစီးမှူး ဦးအောင်သွင်နှင့် ဝန်ထမ်းများမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ မြို့နယ်လဝကရုံးသို့ စုစည်းခေါ်ဆောင်လာသည့် ပြည်သူများအား (၁)ရက်တာကာလအတွင်း အသက် (၁၀) နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် မှတ်ပုံတင်ထုတ်ပေးခြင်း၊ နိုင်ငံသားလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ခြင်းနှင့် UID ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်အတွင်း အသက် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်‌ရေးကတ်ပြားဆောင်ရွက်ပေးမှုကို (၂၀.၅.၂၀၂၆) ရက်နေ့မှ (၃၁.၇. ၂၀၂၆) ရက်နေ့အထိ မြို့နယ်လ.ဝ.ကရုံးအတွင်းသို့ ဖိတ်ခေါ်ဆောင်ရွက်ပေးမည်ဖြစ်ပြီး အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်မှုတို့ကိုလည်း (၁.၆.၂၀၂၆) ရက်နေ့မှ (၃၁.၇. ၂၀၂၆)ရက်နေ့အထိ ဇွန်လ (၁) ရက်နေ့တွင် ဖွင့်လှစ်မည့် အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)