ဒဂုံတောင် မေ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် (Biometric Data) ကောက်ယူ၍ UID ကတ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၈ ရပ်ကွက်၊ ပုလဲကျွန်းလမ်းရှိ ရွှေစေတီဝိစာရဓမ္မရိပ်သာကျောင်းတိုက်၌ ပြုလုပ်ပေးကြောင်း သိရသည်။
ထိုသို့ UID ကတ်ပြုလုပ်ခြင်းအား ပြည်သူများအနေဖြင့် မိမိတို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပြည်ပခရီးသွားခြင်းများ၊ ဘဏ်လုပ်ငန်းများနှင့် မရွှေ့ပြောင်းနိုင်သောပစ္စည်များ၊ စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အကျိုးရှိစွာအသုံးချနိုင်ခြင်း၊ မသမာမှုများမဖြစ်နိုင်ခြင်းတို့အတွက် များစွာအကျိုးကျေးဇူးရှိသဖြင့် စိတ်ပါဝင်စားစွာ လာရောက်ဆောင်ရွက်ကြရာ ပြည်သူ (၁၁၇)ဦးအား UID ဆောင်ရွက်ပေးနိုင်ကြောင်း သိရှိရသည်။
အဆိုပါ UID ဆောင်ရွက်ခြင်းအား မြို့နယ်ဦးစီးဌာနမှူး ဦးညီဇော်ဌေးမှ အနီးကပ်ကြီးကြပ်ခဲ့ပြီး ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးစန်းလွင်တို့မှ လာရောက်ကြည်ရှုအားပေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရုံးအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချူပ်ရေးအဖွဲ့များနှင့်ပေါင်းစပ်၍ ၁၈ နှစ်ပြည့်ပြီးသော ပြည်သူများကို မြို့နယ်ရုံးသို့ဖိတ်ခေါ်၍ အိမ်ထောင်စု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ဆောင်ရွက်ပေးခြင်းအား သက်ဆိုင်ရာကဏ္ဍအလိုက် မြို့နယ်ရုံးဝန်ထမ်းများမှ လျင်မြန်စွာဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
နေမျိုးအောင်