စလင်းမြို့နယ်တွင် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီပျိုးပင်များ အခမဲ့ ထောက်ပံ့ပေးအပ်ပွဲ

စလင်း မေ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ခုနှစ် ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးရေးအတွက် ကော်ဖီပျိုးပင်များ‌ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ ကို  ယမန်နေ့နံနက် (၁၀) နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇာ်လင်းမှ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနအစီအစဥ်ဖြင့် ဖြန့်ဝေထားရှိသည့် ကော်ဖီပျိုး(ရိုဘတ်စတာ)ပင် ကော်ဖီပျိုးပင် စိုက်ပျိုးနည်းစနစ်များ၊ အရည်အသွေးကောင်း ကော်ဖီထုတ်လုပ်ရေးရေရှည်တည်တံ့သည့် ကော်ဖီစိုက်ပျိုး နည်းစနစ်များကိုတက်ရောက်လာသည့် ကော်ဖီစိုက်ပျိုးသည့် ဒေသခံတောင်သူများအား ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က တောင်သူများအား ကော်ဖီပျိုးပင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးမည့် ကော်ဖီပျိုးပင်များအား  လက်ရှိ‌ကော်ဖီစိုက်ပျိုးလျက်ရှိသော ဒေသများအား အတုယူ၍  ရာသီဥတုနှင့်ကိုက်ညီသော၊ စိုက်ပျိုးဖြစ်ထွန်းမှု ဖြစ်ထွန်းမည့် ကျေးရွာအုပ်စု (၆) အုပ်စုမှ တောင်သူ ၁၉ ဦးတို့အား မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ အစီအစဥ်ဖြင့် ဖြန့်ဝေထားရှိသည့် ကော်ဖီပျိုး(ရိုဘတ်စတာ)ပျိုးပင်များအား ဒေသအတွင်း အိမ်ခြံစိုက်ခင်းမြေများတွင် ဖြစ်ထွန်းမှု စမ်းသပ်စိုက်ပျိုးနိုင်ရန်ရည်ရွယ်လျက် ပျိုးပင် (၉၀၀) အား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)