သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်အရ “ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း”ဖွင့်လှစ်

သာပေါင်း မေ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်အရ “ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး ပညာပေးသင်တန်း” ကို မေလ ၁၅ ရက်နေ့၊နံနက် ၉ နာရီအချိန်က စတင်ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာသိန်းဆွေဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ဦးစီးမှူးဒေါက်တာကျော်စိုးလင်းက ကျွဲ၊ နွား၊ ခွေး၊ ကြောင်၊ ကြက်၊ ဝက်များတွင်ဖြစ်သော ကူးစက်ရောဂါများနှင့် ကြိုတင်ကာကွယ်ထိန်းချုပ် ကုသနည်း၊ အသုံးပြု ဆေးဝါးများအကြောင်းတို့ကို သင်တန်းသား (၂၀) ဦးတို့အား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကာ ပရိုဂျက်တာဖြင့် အကျယ်တဝင့် စာတွေ့၊ လက်တွေ့  (၂) ရက်တာ သင်တန်းပို့ချပေးသွားမည်ဖြစ်သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါက်တာမိုးမိုးခိုင် ဦးဆောင်သောအဖွဲ့သည် လှေကြီးတက်ကျေးရွာအုပ်စု၊ ကြက်သွန်ကွင်းကျေးရွာ‌နေ ပိုင်ရှင် ဦးဇင်မျိုးသူ ၏ ကျွဲ ထီး( ၄ ) ကောင်၊ ကျွဲ မ ( ၁၁) ကောင် ပေါင်း(၁၅)ကောင်၊ နွား ထီး (၁၇) ကောင်၊ နွား မ (၂၃) ကောင် ပေါင်း (၄၀)ကောင်အား ကျွဲနွားလည်ချောင်းကွဲရောဂါကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး