ဒဂုံမြောက် မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ သာသနာရေးဦးစီး ဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို အမှတ်(၄၂)ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်ရှိ သာသနာ့ဗိမာန်တော်တွင် မတ် ၂၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် ဒုတိယနေ့ အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို သံဃာတော် (၆၅) ပါးနှင့် သီလရှင် (၁၀)ပါးတို့မှ ပါရာဇိကကဏ္ဍ အဌကထာ(၂)ဘာသာရပ်အား ဝင်ရောက်ဖြေဆိုကြပြီး သံဃာတော် (၂၃) ပါးနှင့် သီလရှင် (၃)ပါး ပျက်ကွက်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
စာမေးပွဲဖြေဆိုကြသည့် သံဃာတော်နှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ စာဖြေဆိုနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများမှ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ