လယ်ဝေး မတ် ၃၁
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်တွင် ယမန်နေ့ ညနေ ၃ နာရီက MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပသည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်၊ အဖွဲ့ဝင် ဦးဝင်းအောင်၊ MSME ဗဟိုမှ ဒုဥက္ကဋ္ဌ ဦးသူရိန်၊ အတွင်းရေးမှူး ဦးမျိုးမင်းထိုက်၊ လယ်ဝေးမြို့နယ် MSME ဥက္ကဋ္ဌ ဒေါ်မာမာတင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် စျေးရောင်းပွဲတော်အား ဧပြီ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး လယ်ဝေးမြို့နယ် MSME အသင်း၏ ထုတ်ကုန်များနှင့် လူသုံးကုန်ပစ္စည်းများအား စျေးနှုန်းချိုသာစွာ ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အိအိငြိမ်းဖြူ(ပြန်/ဆက်)