ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး Bagan Plastic Campaign အဖွဲ့မှဦးဆောင်ကာ ညောင်ဦးမြို့နယ်အတွင်းသုံးနေရာခွဲ ပလတ်စတစ်ကောက်ကြ

ညောင်ဦး မတ် ၃၁

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်ရေး အပတ်စဉ်ပလတ်စတစ် ကောက်ယူရှင်းလင်းနေလျက်ရှိရာ Bagan Plastic Campaign အဖွဲ့မှဦးဆောင်ကာ ပလတ်စတစ်အမှိုက်များ သီးသန့်ကောက်ယူခြင်းကို မတ် ၃၀ ရက်၊ နံနက် ၇ နာရီခွဲအချိန်မှ စတင်ကာ ညောင်ဦးမြို့နယ်အတွင်း နေရာသုံးနေရာခွဲကာ ပလတ်စတစ်သီးသန့်ကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပလတ်စတစ်ကင်းစင်စေရေး Bagan Plastic Campaign အဖွဲ့မှဦးဆောင်ကာ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှဝန်ထမ်းများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများမှ ဝန်ထမ်းများ၊ Balloons ဝန်ထမ်းများ၊ ဧည့်လမ်းညွှန်အသင်းမှ အသင်းသား/သူများ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းမှ အသင်းသား/သူများ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ပုဂံဇုန်)မှ ဝန်ထမ်းများသည် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံမြို့ဟောင်းရှိ Information Center စတင်ကာ သရပါတံခါး၊ အာနန္ဒာဘုရားကားရပ်နားကွင်းပြင်တစ်ပြင်လုံးနှင့် သဗ္ဗညုဘုရားမြောက်ဘက် ကားရပ်နားကွင်း၊ ရွှေဂူကြီးဘုရားပတ်ဝန်းကျင်တို့အား ပလတ်စတစ် အမှိုက်ကောင်းခြင်းနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ဝန်ထမ်းများသည် ညောင်ဦးမြို့အဝင် ယုန်လွှတ်ကျွန်းနန်းတော်ရာမှ Toll Gate အထိ လမ်းဘေးဝဲယာကားလမ်းတစ်လျှောက် ပလတ်စတစ်များ ကောက်ယူခဲ့ကြကြောင်း၊ ပလတ်စတစ်အမှိုက်များ ကောက်ယူ၍ ပလတ်စတစ် အမှိုက်များအား စနစ်တကျစုစည်း စွန့်ပစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ Bagan Plastic Campaign အဖွဲ့သားများနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ သန့်ရှင်းရေးပြုလုပ်ရာသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ ခရိုင်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်၊ မြို့နယ်စီမံအဖွဲ့ဝင် ဦးဆန်းထွန်းဦး၊ ခရိုင်/မြို့နယ်တာဝန်ရှိသူများက သွားရောက်ကြည့် ရှုအားပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း