ဗိုလ်တထောင် မတ် ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော အစိုးရဓမ္မာစရိယစာမေးပွဲကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်မြတ်ကြီး ရင်ပြင်တော်ရှိ ဆိပ်ကမ်းလုပ်သားပေါင်းစုံ ဓမ္မာရုံ၊ နားနေဆောင် (၁) နှင့် ( ၂)တို့တွင် မတ် ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ ၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို သံဃာတော် (၂၅၄) ပါးနှင့် သီလရှင် (၁)ပါးတို့မှ ပါရာဇိကကဏ္ဍ အဋ္ဌကထာ(၁) ဘာသာရပ်အား ဝင်ရောက်ဖြေဆိုကြပြီး သံဃာတော် (၃၁) ပါး ပျက်ကွက်ကြောင်းနှင့် ဖြေဆိုရာခိုင်နှုန်းမှာ ၈၉•၁၆% ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာန မှ သိရသည်။
ထို ၂၀၂၄ ခုနှစ်၊ ဓမ္မာစရိယစာမေးပွဲတွင် ဖြေဆိုရမည့် ဘာသာရပ်များနှင့် ဖြေဆိုစာရင်းရှိမှာ (၂၈- ၃-၂၀၂၄) ရက်နေ့တွင် ပါရာဇိကကဏ္ဍ ပါဠိအဌကထာဘာသာတွင် စာရင်းရှိ သံဃာတော် ၂၈၅ပါးဖြစ်ပြီး သီလရှင် ၁ ပါး စုစုပေါင်း ၂၈၆ ပါး၊ ( ၂၉- ၃-၂၀၂၄) ရက်နေ့တွင် ရာဇိကကဏ္ဍပါဠိ အဌကထာဘာသာတွင် စာရင်းရှိ သံဃာတော် ၂၈၅ ပါးဖြစ်ပြီး သီလရှင် ၁ ပါး စုစုပေါင်း ၂၈၆ ပါး၊ (၃၀- ၃-၂၀၂၄ ) ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာဘာသာတွင် စာရင်းရှိ ၂၃၉ ပါး၊ (၃၁- ၃-၂၀၂၄) ရက်နေ့တွင် သီလက္ခန္ဓဝဂ္ဂပါဠိအဌကထာဘာသာတွင် စာရင်းရှိ ၂၃၉ပါး၊ (၁- ၄- ၂၀၂၄ ) ရက်နေ့တွင် ဓမ္မသင်္ဂဏိပါဠိအဌကထာဘာသာတွင် စာရင်းရှိ ၂၂၅ ပါး၊ (၂- ၄-၂၀၂၄ ) ရက်နေ့တွင် ဓမ္မသင်္ဂဏိပါဠိအဌကထာ ဘာသာတွင် စာရင်းရှိ ၂၂၅ ပါး၊ (၃- ၄-၂၀၂၄ ) ရက်နေ့တွင် မြန်မာ ဂုဏ်ထူးဘာသာတွင် စာရင်းရှိ ၁၄ ပါး၊ (၄-၄-၂၀၂၄) ရက်နေ့တွင် ပါဠိဂုဏ်ထူးဘာသာတွင် စာရင်းရှိ ၃ ပါး၊ (၅- ၄-၂၀၂၄) ရက်နေ့တွင် ပါဠိဂုဏ်ထူးဘာသာတွင် စာရင်းရှိ ၃ပါးတို့ ဝင်ရောက် ဖြေဆိုကြမည်ဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။
စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များနှင့် သီလရှင်များ စိတ်အေးချမ်းသာစွာ စာဖြေဆိုနိုင်ရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီး ဌာနမှဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များမှ ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးကြပြီး အဆိုပါစာမေးပွဲအား မတ် ၂၈ ရက်နေ့မှ ဧပြီ ၅ ရက်နေ့ထိ နေ့လယ် ၁၂ နာရီမှ ညနေ ၄ ထိ ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
ခင်ဝင်း