မိုးကောင်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲ ကျင်းပ

မိုးကောင်း မတ် ၃၁

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မူလတန်း၊ အလယ်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းဆင်းပွဲကို အ.ထ.က (၁)ကျောင်း မဉ္ဇူသက ခန်းမ၌ ယမန်နေ့ ညနေ (၃) နာရီတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် သင်တန်းသား ဆရာ၊ ဆရာမများက ဉာဏစစ်သည် တေးသီချင်းဖြင့် ဖွင့်လှစ်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်က စွမ်းရည်မြှင့်သင်တန်းနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ဆက်လက်၍ သင်တန်းသားဆရာ၊ ဆရာမများက ပို့ချသင်ကြားမည့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ ဘာသာရပ်ခေါင်းစဉ် အသီးသီးဖြင့် အုပ်စုဖွဲ့လက်တွေ့သင်ကြား သရုပ်ပြကြောင်း သိရသည်။

ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို မူလတန်းအဆင့် သင်တန်းသား(၅၁၈)ဦး၊ အလယ်တန်း အဆင့် သင်တန်းသား (၂၆၉)ဦးတို့က မတ်လ (၂၅) ရက်မှ (၃၀) ရက်နေ့ထိ နည်းပြ (၅၀)ဦး တို့က ပို့ချ သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)