ငဖဲ မေ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့် ပိုစတာပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းခန်းမများ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲများကို ငဖဲမြို့နယ်ပညာရေးမှူး ဦးကျော်ဝင်း၊ အထက်တန်းကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများက ဦးဆောင်ကြီးကြပ်၍ မူးယစ်ကင်းစင်တို့ပြည်တစ်ခွင် သာယာလှပ အနာဂတ်ဘဝ၊ လွယ်လွယ်နဲ့ရသုံးစွဲကြ မူးယစ်သားကောင်ဖြစ်နေရ၊ ဝိုင်းဝန်းကာကွယ်တားဆီးမှ၊ မူးယစ်ကင်းစင်တို့ဝန်းကျင် ပျော်ရွှင်ချမ်းမြ လုံခြုံလှ၊ နိုင်ငံ့အနာဂတ်လှပဖို့ မူးယစ်ဆေးကို အမြစ်ဖြတ်စို့၊ ဗလငါးတန်ခိုင်မြဲဖို့ မူးယစ်ဆေးကို တိုက်ဖျက်စို့၊ အဆိုးကျော့စက်ဝန်း အဆုံးသတ်ဖို့ အုပ်စုဖွဲ့မှုခင်းတိုက်ဖျက်စို့စသည့် ခေါင်းစဉ်များဖြင့် အထက်တန်းဆင့် ၁၃ ဦး၊ အလယ်တန်းဆင့် ၂၃ ဦးနှင့် မူလတန်းဆင့် ၁၇ ဦး စုစုပေါင်း ၅၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် ဆုရရှိသူများအနေဖြင့် တိုင်းဒေသကြီးအဆင့်တွင် ဆက်လက်၍ သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)