တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

တာလေ မေ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များအား ဉာဏ်ရည်၊ ဉာဏ်သွေး ထက်မြက်စေရန်နှင့်အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (CommunityCentre) ခန်းမ၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီတာအေးက ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲအားကျင်းပပြုလုပ်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသည့်ကျောင်းသား လူငယ်များအား ဂုဏ်ပြုဆုလက်ဆောင်နှင့် ပြိုင်ပွဲဝင်ကလေးများအား အာဟာရဖြည့်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)