သထုံ မေ ၁၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၆ ခုနှစ် နွေရာသီဗုဒ္ဓဘာသာမွန်စာပေ သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တံတားဦးကျေးရွာအုပ်စု ဒင်္ဂါးဆိပ်ကျေးရွာမွန်ကျောင်း၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ပေါင်မြို့နယ်၊ အနောက်သိမ်ကျောင်း ဆရာတော်နှင့် မွန်နာယက ဆရာတော်ကြီးများထံမှ သြဝါဒခံယူပြီး မြိုနယ်မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့နာယကနှင့် အဖွဲ့ဝင်များက သင်တန်းဆင်းဂုဏ်ပြုစကားများပြောကြကာ မွန်နာယကဆရာတော်ကြီးများနှင့် တာဝန်ရှိသူတို့က ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)