ကျွန်းလှမြို့နယ်၌ ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ကျွန်းလှ ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျန်းမာသန်စွမ်းပြီး ရောဂါဘယကင်းဝေးသော ကလေးငယ်ဖြစ်စေရန်အတွက် ယမန်နေ့က မြို့နယ်ပြည်သူ့ဆေးရုံနှင့် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ထိုးနှံတိုက်ကျွေးကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေး ကြီးကြပ်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသက်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံတိုက်ကျွေးကြသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)