ဟင်္သာတ မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ဖြေဆို

ဟင်္သာတ ဧပြီ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မတ်လ ၂၈ ရက်နေ့မှစတင်၍ ဟင်္သာတမြို့၊ တာကလေးရပ်ကွက်၊ မိုးကောင်းပရိယတ္တိစာသင်တိုက်ရှိ အောင်ပြည့်ဖြိုးဦး ဗိမာန်တော်ကြီးတွင် ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယ စာပေးပွဲကို နေ့လည် ၁၂ နာရီအချိန်မှ ညနေ ၃ နာရီ အချိန်ထိ ဖြေဆိုကျင်းပခဲ့သည်။

အဆိုပါ စာမေးပွဲသို့ ဟင်္သာတရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ယနေ့တွင် ဓမ္မသင်္ဂဏီဘာသာရပ်တွင် စာရင်းရှိသံဃာ(၃၁)ပါး၊ သီလရှင်(၁)ပါး၊ ပေါင်း(၃၂)ပါး၊ ဖြေဆိုသံဃာ(၂၁)ပါး၊ သီလရှင်(၁)ပါး၊ ပျက်ကွက်သံဃာ(၁၀)ပါး၊ ပေါင်း(၃၂)ပါး ဝင်ရောက်ဖြေဆိုကြကြောင်းနှင့် အဆိုပါစာမေးပွဲအား  ဧပြီ ၉ ရက်နေ့ထိ နေ့စဉ် ဘာသာရပ်များအလိုက် စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများမှ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိစာသင်တိုက်များမှ သံဃာတော်များ၊ သီလရှင်များမှ ဝင်ရောက်ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)