စဉ့်ကိုင်မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံး ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပ

စဉ့်ကိုင်  ဧပြီ   ၂

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနအမည်မှ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအမည်သို့ အမည်ပြောင်း ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီခွဲက ရန်အောင်မြင်ရပ်ကွက်၊ မြို့နယ် မြေစာရင်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များထံမှ  ဝန်ထမ်းမိသားစုများက ငါးပါးသီလနှင့် ပရိတ် တရားတော်များ နာယူကြည်ညိုခဲ့ကြပြီး ဆွမ်းနှင့်လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန အမည်မှ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန အမည်သို့ ဧပြီလ ၁ ရက်မှစတင်၍ ပြောင်းလဲပြင်ဆင်သတ်မှတ်ခြင်းဖြစ်ရာ ရုံးဆိုင်းဘုတ်အား အန္တရာယ်ကင်း အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦးရွှေခိုင် မြို့နယ်မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးရဲသူရတို့က မြို့နယ်ရုံးဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကာ ဆိုင်းဘုတ် တင် ဖွင့်လှစ်ပေးခဲ့သည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)