ကျောက်မဲမြို့တွင် နွေရာသီအခြခံကဗျာလွတ်အကသင်တန်း ဖွင့်လှစ်

ကျောက်မဲ ဧပြီ ၄

ရှမ်းပြည်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပညာရေးဦးစီးဌာနက ကြီးမှူး၍ နွေရာသီအခြခံ ကဗျာလွတ်အကသင်တန်းကို အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နွေရာသီအခြေခံကဗျာလွတ်အကသင်တန်းကို မြန်မာရိုးရာယဥ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းရန် ရည်ရွယ်၍ ဖွင့်လှစ်သင်ကြားပေးကြောင်း သိရသည်။

သင်တန်းသို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူ ၂၀ ဦး တက်ရောက်လျက်ရှိပြီး  အကနည်းပြအဖြစ် ဆရာမ ဒေါ်ခင်မိုးမိုးကြည်က သင်ကြားပြသပေးသွားမှာဖြစ်‌ကြောင်း၊  သင်တန်းကာလမှာ (၅)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း