ငပုတော ဧပြီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်မြို့အဝင်ဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ အပူဒဏ်အန္တရာယ် ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းက ပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြသည်။
အပူဒဏ်အန္တရာယ်ကာကွယ်ရန်အတွက် သိရှိလိုက်နာသင့်သောအချက်များကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ အသံချဲ့စက်ဖြင့်လည်းကောင်း၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့အသင်းဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူတို့မှ လမ်းသွားလမ်းလာပြည်သူများအား အသိပညာပေးဖြန့်ဝေပေးခဲ့သည်။
ငပုတောမြိုနယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် မြို့နယ်အတွင်း ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ပြည်သူများအနေဖြင့် မြို့နယ်ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)