သာစည် ဧပြီ ၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဧည့်ခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသက်ကျော်က မြန်မာ့ရိုးရာမဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ခေါ်ယူဆွေးနွေးခြင်းဖြစ်ကြောင်း၊ ဗဟိုမဏ္ဍပ်တည်ဆောက်ရေးနှင့် လုံခြုံရေးဆိုင်ရာများ၊ သင်္ကြန်ရက်များအတွင်း ယိမ်းအကများဖြင့် ဖျော်ဖြေနိုင်ရေးနှင့် စတုဒီသာများ ကျွေးမွေးနိုင်ရေး၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ ကုသိုလ်ကောင်းမှုများ ပြုလုပ်နိုင်ရေး စသည်ဖြင့် ဘက်ပေါင်းစုံမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဏအလိုက် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)