ကျိုက်ထို ဧပြီ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယမန်နေ့နံနက်ပိုင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံအောင်၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တောင်ပိုင်းရပ်ကွက်၊ တိုးချဲ့ပိုင်းရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား ဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများ နေအိမ်အရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်မီးသတ်ဦးစီးဌာနသည် ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံး ရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ်လိုက်လံလှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍လည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ကျိုက်ထို (ပြန်/ဆက်)