စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ စတင်ဖြေဆို

စဉ့်ကိုင် ဧပြီ ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် မြို့နယ်သံဃာ့နာယကအဖွဲ့တို့ ပူးပေါင်း၍ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို စဉ့်ကိုင်မြို့နယ်၊ တရုတ်စုရပ်ကွက်ရှိ ‌တိုက်ကျောင်း ပရိယတ္တိ စာသင်တိုက်ရှိ ရွှေကံကူဓမ္မာရုံနှင့် သဇင်ညွန့်ဓမ္မာရုံတို့၌ ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၃ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပါဠိပထမပြန် စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ (၉)ရက်နေ့ထိ နေ့စဉ် နေ့လည် ၁၂ နာရီမှ ညနေ ၃ နာရီအချိန်ထိ ဖြေဆိုသွားမည်ဖြစ်ပြီး ပါဠိပထမပြန် စာမေးပွဲ ဖြေဆိုရန် စာရင်းရှိ ပထမကြီး/ လတ်/ ငယ်/ မူတန်းများမှ ရဟန်းသံဃာ(၃၂၄)ပါး၊ သီလရှင် (၄၇)ပါးရှိပြီး ယနေ့(ပထမ)နေ့တွင် ရဟန်း သံဃာ (၃၀၃)ပါး၊ သီလရှင် (၄၄)ပါး စုစုပေါင်း (၃၄၇)ပါးဝင်ရောက်ဖြေဆိုကြပြီး၊  ရဟန်း/သံဃာ (၂၁) ပါးနှင့် သီလရှင် (၃)ပါး စုစုပေါင်း (၂၄)ပါး ပျက်ကွက်ခဲ့ကြောင်း သိရသည်။

စာဖြေရဟန်း/သံဃာတော်၊ သီလရှင်များ စာမေးပွဲ ဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့်  တာဝန်ရှိသူများ၊ တပည့်ဒါယကာ၊ ဒါယိကာမများမှ ဆွမ်း၊ ခဲဖွယ်၊ ဆေး၊ အအေးများနှင့် နဝကမ္မ ဝတ္ထု‌‌ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)