မလှိုင်မြို့နယ်၌ မိုးသက်လေပြင်းကျ၍ လူနေအိမ်ပေါ်တွင် သစ်ပင်လဲကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွား

မလှိုင်  မေ ၃

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌မေလ(၂)ရက်နေ့ ညနေ(၈)နာရီ(၃၅)အချိန်တွင် မိုးသက်လေပြင်းကျရောက်ခဲ့၍ အုပ်ဖိုကန် ကျေးရွာအုပ်စု၊ ရေချိုဘူတာကျေးရွာအုပ်စု၊ ထန်းတောကျေးရွာအုပ်စု၊ အမှတ်(၄)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်ရှိ လူနေအိမ်ပေါ်တွင်သစ်ပင်လဲကျခြင်း၊ အမိုးလန်ခြင်းများ ဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်းသိရပြီး လူနေအိမ်ပေါ်တွင် ကျိုးကျနေသည့်သစ်ပင်များ ပိမိနေသောသစ်ကိုင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးဇေယျာအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

အောင်ဌေး(မလှိုင်)