ရန်ကုန် ဧပြီ ၈
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရန် ရည်ရွယ်၍ အခြေခံကိုရီးယားဘာသာစကား(အခမဲ့) သင်တန်းကို ရန်ကုန်မြောက်ပိုင်း ခရိုင်(အင်းစိန်)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမရှိ သတ်မှတ်ရက်များတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
အဆိုပါ သင်တန်းကို မတ္လ (၉) ရက်နေ့မှစတင်ကာ မေလ (၂၆) ရက်နေ့အထိ အပတ်စဉ် စနေ၊တနင်္ဂနွေ မွန်းလွဲ (၂း၀၀) နာရီမွ (၄း၃၀) နာရီ အထိ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးဖြင့် သင်တန်းနည်းပြ ဆရာ ဦးဇွဲမာန္ခက အခြေခံကိုရီးယားဘာသာစကားကို သင်ကြားပို့ချလျက်ရှိသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ရုံးအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ အတတ်ပညာများရရှိစေရန်အတွက် သင်တန်းများ အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)