အမာမြို့တွင် အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်း များဆောင်ရွက်

အမာ ဧပြီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၇) နာရီက အမာမြို့ လူစည်ကားရာဈေးရှေ့တွင် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အပူဒဏ်အန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဆရာမ ဒေါ်ခင်ချောစုထွေး ဦးဆောင်၍ ကျန်းမာ‌ရေးဝန်ထမ်းများ၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနမှ ဝန်ထမ်းများပူပေါင်း၍ ပြည်သူများ သိရှိ လိုက်နာ‌စေရန် ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်၊ လိုက်နာဆောင်ရွက်ရန်အချက်များ၊ ရှောင်ကြဥ်ရန်အချက်များ၊ အပူဒဏ်အန္တရာယ် အထူးသတိပြုရမည့်သူများ၊ အပူဒဏ်အန္တရာယ် ကာကွယ်ရေးနှိုးဆော်ချက်၊  အပူရှိန်ပြင်းထန်ချိန် ပြည်သူများ သတိပြုလိုက်နာဆောင်ရွက်ရ မည့်အချက်များ၊ အပူဒဏ်အန္တရာယ် ကျရောက်သည့် လူနာကို အရေးပေါ်ရှေးဦးပြုစုခြင်း စသည်ဖြင့် ပြည်သူများသိရှိစေရန် အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)