ပန်းတနော်မြို့ လူထုအခြေပြုဗဟိုဌာန၌ နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်

ပန်းတနော် ဧပြီ 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက လူထုအ‌ခြေပြုပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူလေးများ ကိုယ်အမူအရာ၊ နှုတ်အမူအရာ ပျူငှာယဥ်ကျေးလိမ္မာစေရန်၊ ဗုဒ္ဓ၏ အဆုံးအမတရားတော်များနှင့်အညီ ပြုမူ ပြောဆိုကျင့်ကြံနေထိုင်တတ်စေရန် ဗုဒ္ဓသာသနာ၏ အနှစ်သာရများ သိရှိစေရန်နှင့် တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဗုဒ္ဓဝင်အကျဥ်းမှတ်စု၊ ရတနာသုံးပါး ဂုဏ်ကျေးဇူးနှင့် ကံကံ၏ အကျိုး၊ ဘုရားရှစ်ခိုးခြင်း ဆုတောင်းမေတ္တာပို့သခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပူဇော်ခြင်း၊ ဒုစရိုက်၊ သုစရိုက်၊ မင်္ဂလသုတ်၊ စာရိတ္တ၊ ယဥ်ကျေးမှုနှင့် (၃၈)ဖြာမင်္ဂလာ စသည့် ဗုဒ္ဓစာပေများကို မဏိရတနာဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ဆရာမ ဒေါ်ခင်သန္တာက သင်ကြား‌ပေးမည်ဖြစ်ပြီး သင်တန်းကာလမှ ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)