ပန်းတောင်း ဧပြီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် (၉:၀၀) နာရီအချိန်က စာအုပ်/ စာပေနှင့် ရင်းနှီးကျွမ်းဝင်၍ အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်၊ ကဗျာရွတ်စွမ်းရည်မြင့်မားလာစေရန် စာအုပ်ပြပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းအေးက ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာများများဖတ်ကြရန်၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ အကောင်းအဆိုးခွဲခြားတတ်စေရန် စာပေများကြိုးစားဖတ်ရှုလေ့လာသင့်သည်ကို ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာသော မင်းရပ်ရပ်ကွက် ကျောင်းသား/ သူ (၁၄) ဦးတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ ကဗျာရွတ်ပြိုင်ပွဲကို ကျင်းပရာ တစ်ဦးချင်းစီအလိုက် ရွတ်ဆိုပြိုင်ဆိုင်ခဲ့ကြပြီး ဆုလက်ဆောင်များ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)