တောင်ငူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် (abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်း ဆောင်ရွက်

တောင်ငူ ဧပြီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူး၍ ပိုးလောက်လန်းသေဆေး (abate) ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖျန်းခြင်းကို ဧပြီလ ၈ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ငှက်ဖျားရောဂါတိုက်ဖျက်ရေးဌာနမှ ဝန်ထမ်းများနှင့် မြို့ပေါ် ပရဟိတအသင်းအဖွဲ့များက ရေကန် (၃၂) ကန်တွင် ပိုးလောက်လန်းသေဆေး (abate) ဆေးခတ်ခြင်းဆောင်ရွက်ခဲ့ပြီး နဂါးရုံဘုန်းတော်ကြီးကျောင်းဆောင် (၅) ဆောင်၊ စည်ပင်ဘုန်းတော်ကြီးကျောင်းဆောင် (၅) ဆောင်နှင့် ကျောက်တလင်း ဘုန်းတော်ကြီးကျောင်းဆောင် (၅) ဆောင်တို့အား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ဆေးဖျန်းခြင်းဆောင်ရွက်ပေးခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဇော်ကိုကို