ပူတာအိုခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ပူတာအို ဧပြီ ၁၀

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျောင်းသား၊ ကျောင်းသူများ အားလပ်ရက်များတွင်  အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် နုတ်မှုစွမ်းရည်များ မြင့်မားလာစေရန်အတွက် ဟောပြောပွဲ၊ စာဖတ်စွမ်းရည်နှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်သူဇာက “လမြတ်တန်ခူး” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ကဗျာရွတ်ပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်း သားကျောင်းသူ(၁၀)ဦးတို့က ဆရာဇော်ဂျီ၏ကဗျာများဖြစ်သည့် သင်္ကြန်မိုး၊ သင်္ကြန် လက်ဆောင်၊ သင်္ကြန်အခါ၊ အတာသင်္ကြန် စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း၊ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၅)ဦးတို့က (၈.၄.၂၀၂၄) ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ အယ်ဒီ့တာအာဘော်မှ “၁၂လရာသီကူး သာယာကြည်နူးနှစ်သစ်ဦး” ခေါင်းစဉ် ဖြင့်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ခရိုင်ဦးစီးမှူးနှင့် အကဲဖြတ် အမှတ်ပေးဒိုင်ဆရာမများက ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်း ရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ် ချီးမြှင့်ကြပြီး အခမ်းအနားတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အေးချမ်းသာယာပြည်မြန်မာဓာတ်ပုံပြပွဲ၊ မူးယစ်ဆေးဝါး၊ သဘာဝဘေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)