ရမည်းသင်းအကျဉ်းဦးစီးဌာနတွင်ပြစ်ဒဏ်ခံရသူအချို့ကိုပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေး
Apr 17,2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဌ၏ မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း အမိန့်အမှတ် (၂၉/၂၀၂၄) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်အရ၊ ရမည်းသင်းမြို့၊အောင်မင်္ဂလာ ရပ်ကွက်ရှိရမည်းသင်း အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့် အကျဉ်သူတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးပွဲ အခမ်းအနားကို ရမည်းသင်း အကျဉ်းထောင်ဝန်းရှိ ဓမ္မာရုံ၌ ဧပြီ ၁၇ ရက် နံနက် ၉ နာရီကပြုလုပ်ခဲ့ကြောင်း သိရသည်။