မိတ္ထီလာမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

မိတ္ထီလာ ဧပြီ ၁၇

မိတ္ထီလာမြို့၌ ၂ဝ၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက နန်းတော်ကုန်းရပ်ကွက် ကန်ပတ်လမ်းအနီးရှိ  ဗဟိုမဏ္ဍပ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ မဟာသင်္ကြန်အကြိုနေ့၊ မဟာသင်္ကြန်အကျနေ့၊ မဟာသင်္ကြန်အကြတ်နေ့နှင့် မဟာသင်္ကြန်အတက်နေ့များတွင် ဗဟိုမဏ္ဍပ်သို့ လာရောက်၍ သင်္ကြန်ယိမ်းအကများဖြင့် ကပြဖျော်ဖြေကြသည့် ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် ဌာနဆိုင်ရာသင်္ကြန်ယိမ်းအကအဖွဲ့များထံသို့ ဂုဏ်ပြုချီးမြှင့်ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များက ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက နှစ်သစ်ကူးကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထိုhနောက် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲခဲ့ကြသည့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် သင်္ကြန်ယိမ်းအကအဖွဲ့များက “မြနန္ဒာ”သီချင်းဖြင့်  စုပေါင်းသီဆိုကပြဖျော်ဖြေပြီး ၂ဝ၂၄ ခုနှစ်နှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို  စည်ကားသိုက်မြိုက်စွာ ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ချမ်းသာ